ပြင်ဦးလွင် ၂ ဇွန်
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၇ နာရီက ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင်ကြီးအတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ပြင်ဦးလွင်မြို့နယ် ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည် ) ဇီးပင်ကြီး အတွင်းရှိ Facility Quarantine Center အဖြစ် ဆောင်ရွက် ထားရှိသည့် ချယ်ရီဆောင် ၊ ကံ့ကော်ဆောင် ၊စံပယ်ဆောင် ၊မန္တလာဆောင်နှင့် ပတ်ဝန်းကျင် တစ်လျှောက်တို့၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေး မှူး၊ ပြင်ဦးလွင် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမင်း ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ( ၃) ဦး ၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမိုးဆွေဦး ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ( ၆ ) ဦးတို့မှ ပိုးသတ်ဆေးရည်များဖျန်းခြင်းနှင့် အခြားလိုအပ်သည်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြတ်ဆုမွန်


