ပုသိမ် ၂ ဇွန်

 

ဧရာတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီက မိုးရာသီ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ ယခင်နှစ်ထက် ပေတစ်သောင်းကျော် ပိုမိုတူးဖော်ခဲ့ကြောင်း သိရသည်။

 

ပုသိမ်မြို့နယ် စည်ပင်သာယာရေး ကော်မတီအနေနှင့် မိုးရာသီကာလတွင် ရေစီးရေလာ ကောင်းမွန်စေရန် မြို့အတွင်း နှစ်စဉ် ရေနုတ်မြောင်းများ တူးဖော်လျက်ရှိရာတွင် ယခုနှစ်တွင် တူးဖော်နေကြ ရေနုတ်မြောင်းများအပြင် အမှတ် (၇) ရပ်ကွက်၊ ဝက်သက်ချောင်း ချောင်း၀နှင့် မဟာစေတီလမ်းမှ ရွှေဝတ်မှုန်တံတားအထိ တိမ်ကောနေသည့် ရေနုတ်မြောင်းများအား ပြန်လည်တူးဖော်ခြင်း၊ တဲဆိပ်ချောင်း (မီးရထားသံလမ်းနှင့် တဲဆိပ်တံတားကြား) ရေနုတ်မြောင်းအား တူးဖော်ခြင်း၊ ရေကြည်ဦး ရပ်ကွက်တွင် ပေပေါင် တစ်သောင်းခွဲခန့် VNG အကူအညီဖြင့် ရေနုတ်မြောင်းတူးဖော်ခြင်း၊ ဝန်ကြီးများအိမ်ရာနှင့် လွှတ်တော်အဆောင်အအုံရှေ့ ရေမြောင်းအား တူးဖော်ခြင်း၊ ရွှေဝတ်မှုန် ရထားလမ်းဘေး ရေမြောင်းတူးဖော်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ 

 

ရေနုတ်မြောင်းများ တူးဖော်ခြင်းကို ၂၀၁၉ ခုနှစ် နိုင်ဝင်ဘာလမှ စတင်တူးဖော်ခဲ့ပြီး စည်ပင်နှင့် ပြည်သူ ပူးပေါင်းမှုဖြင့် ပေပေါင်း ၂၈၆၅ ပေ၊ စည်ပင်နှင့် VNG ပူးပေါင်းမှုဖြင့် ၁၉၉၂၀ ပေ၊ မြိုနယ်စည်ပင်မှ ၃၀၈၂၆ ပေ စုစုပေါင်း ၅၃၆၁၁ ပေ တူးဖေါ်နိုင်ခဲ့ကာ မနှစ်ကထက် ပေပေါင်း ၁ သောင်းခွဲ ပိုမို တူးဖော်နိုင်ခဲ့သည်။

 

ပုသိမ်မြို့တွင် ငဝန်မြစ်ထဲသို့ စီးဝင်သွားသည့် အဓိကရေနုတ်မြောင်း (main drain) ၁၂ ခုရှိပြီး အများဆုံး ရေကြီးနစ်မြုပ်မှုခံစားရသည့် ရပ်ကွက်များမှာ ရေကြည်ဦး ရပ်ကွက်၊ အမှတ် (၁၄) ရပ်ကွက်မှ ဥမ္မာဒန္တီ၊ ပန်းဆက်နှင့် ရာမည ရပ်ကွက်တို့ဖြစ်ကြောင်း သတင်းရရှိသည်။

 

# MRTV