ပခုက္ကူ ၂ ဇွန်
မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို) က ပိုသူလှူ လိုသူကူ အစီအစဉ်ဖြင့် သဘင်ပညာရှင်များအား ဆန်အိတ်များ ထောက်ပံ့ပွဲကို ဇွန် ၁ ရက် ညနေ ၆ နာရီခွဲ ကပခုက္ကူမြို့နယ် သဘင်အစည်းအရုံး၌ ကျင်းပသည်။
မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို) ဥက္ကဌ မင်းသား ဖိုးချစ်နှင့် အဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ်ရှိသဘင်ပညာရှင် ၁၁၂ ဦးနှင့် ပေါက်မြို့နယ်မှ ၂၀ အတွက် တစ်ဦးလျှင်ဆန် ၈ ပြည်ပါ တစ်အိတ်စီ ထောက်ပံ့ပေးအပ်သည်။
(ဗဟို) ဥက္ကဌနှင့် အဖွဲ့သည် ရေစကြိုနှင့် မြိုင်မြို့နယ်များသို့လည်း သွားရောက်ထောက်ပံ့ခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ သဘင်ပညာရှင် ၈၆၅ ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ဥက္ကဌ မင်းသားဖိုးချစ် က တစ်ယောက်နှင့် တစ်ယောက် ခွန်အားပေးခြင်းတဲ့အတွက် တတ်နိုင်သမျှ မြို့တိုင်းနီးပါး ကိုယ်တိုင် လိုက်လံထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ပြောသည်။
ကိုဇော်(ဓာတု)


