ကော့မှူး ၂ ဇွန်
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် မိုးရာသီကာလအဖြစ်များသော သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွား စေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက် ၉ နာရီက မြို့မရပ်ကွက်၌ စုပေါင်းဆောင်ရွက်နေကြောင်း တွေ့ရသည်။
ဆက်လက်၍ ရပ်ကွက်များလမ်းများအလိုက် တစ်အိမ်ဝင်တစ်အိမ်ထွက် သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေး ကျန်းမာရေးအသိပညာပေးခြင်း၊ ပိုးလောက်လန်း ပေါက်ဖွားနိုင်သည့် ညောင်ရေအိုး၊ ပန်းအိုး၊ ရေစည်၊ ရေလှောင်ကန်၊ ရေအိုးများအတွင်း အဘိတ်ဆေးခတ်ခြင်းအား ဆောင်ရွက်ပေးနေကြောင်းတွေ့ရသည်။
ထို့သို့ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်သည့် အတွက် ရပ်ကွက်များ၊ ကျေးရွာများအရောက် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်း လူငယ်များ ပူးပေါင်း၍ ကွင်းဆင်း ဆောင်ရွက်ပေးနေကြောင်း တွေ့ရသည်။
ကျော်သူရ (ပြန်/ဆက်)


