မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ခန့်မှန်းချက်များအရ ယခုနှစ်တွင် မုတ်သုန်လေဝင်ရောက်မှု နောက်ကျပြီး မိုးရွာသွန်းမှု လျော့နည်းနိုင်သည့်အတွက် စိုက်ပျိုးရေရရှိမှု နည်းပါးနိုင်ကြောင်း သိရှိရပါသည်။ သို့ပါ၍ ရာသီဥတုပြောင်းလဲမှု အခြေအနေများပေါ်မူတည်၍ တုံ့ပြန်ဆောင်ရွက်နိုင်မည့် အောက်ပါနည်းလမ်းများကို ဆောင်ရွက်ကြရန် အသိပေးထုတ်ပြန်အပ်ပါသည်။

 

၁။ ရေလိုအပ်ချက်နည်း၍ ဒေသနှင့်ကိုက်ညီသည့် ဈေးကွက်ဝင် သက်တမ်းတိုစပါးမျိုးများနှင့် ရေငတ်ဒဏ်ခံစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးကြရန် ဖြစ်ပါသည်။

 

၂။ အောက်ပါရေလိုအပ်ချက် လျော့နည်းသည့် စိုက်ပျိုးရေးနည်းစနစ်များ ပြောင်းလဲစိုက်ပျိုးကြရန် ဖြစ်ပါ သည်။

            (က) ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စနစ်၊

            (ခ) တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းစနစ် (အခြောက်/အစို)၊

            (ဂ) Drum Seeder ဖြင့် စိုက်ပျိုးခြင်းစနစ်၊

            (ဃ) ကြဲခင်းစနစ်၊

 

၃။ လုပ်သားအင်အားရရှိနိုင်မှုပေါ် မူတည်၍ -

            (က) လုပ်သားအင်အားရရှိနိုင်ပါက ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စနစ်ကို အသုံးပြုရန်၊

(ခ) လုပ်သားအင်အား အကန့်အသတ်ရှိပါက တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းစနစ် (အခြောက်/ အစို)၊ Drum Seeder ဖြင့် စိုက်ပျိုးခြင်းစနစ်နှင့် ကြဲခင်းစနစ်များကို အသုံးပြု စိုက်ပျိုးရန်၊

 

၄။ လယ်ယာလုပ်ငန်းခွင်နှင့် ပတ်သက်၍ အခက်အခဲများကြုံတွေ့ပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနရုံးများ၊ စက်မှုလယ်ယာဦးစီးဌာနရုံးများနှင့် ရုံးချုပ်(ဖုန်း-ဝ၆၇-၃၄၁၀၅၂၆)သို့ ဆက်သွယ်ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန