မြိတ်   ၃   ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇွန်လ(၂)ရက် ညနေ(၄) နာရီက မော်တောင်ပရိယတ္တိစာသင်တိုက်တွင် ဆရာတော်ကြီးများထံမှ ဩဝါဒများခံယူပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် သာသနာရေးဆိုင်ရာများလျှောက်ထားပြီး နိုင်ငံတော်ဩဝါဒ စရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ လာသန လည်းဘီးကျောင်းတိုက်ဆရာတော်၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ဉာဏိဿရ နတ်မော်ကျောင်းတိုက်ဆရာတော်တို့ထံမှ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဩဝါဒကထာများ မှတ်သား နာယူခဲ့ကြသည်။

 

ထို့နောက် ဆရာတော် သံဃာတော်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး သံဃနာယက အဖွဲ့ဉက္ကဋ္ဌ အဂ္ဂမဟာကဏ္ဍဝါစကပဏ္ဍိတ ဘဒ္ဒန္တ နာရဒ မော်တောင်ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြ၍ ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )