မော်လမြိုင်ကျွန်း  ၃   ဇွန်

 

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယာဉ်လိုင်းများအားလုံး တိုင်းဒေသကြီးပြင်ပ ခရီးစဉ်များကို ဇွန်လ၂ရက်မှ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။  

 

မြို့နယ်အတွင်းရှိ  ယာဉ်လိုင်းများသည်  အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့်သာ တိုက်ရိုက် ချိတ်ဆက်သွား လာလျှက်ရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ပြေးဆွဲလျှက်ရှိသည်။

 

မော်တော်ယာဉ်များမထွက်ခွာမီ ပိုးသတ်ဆေးဖြန်းခြင်း၊ ခရီးသွားပြည်သူများ Mask များ စနစ်တကျ တပ်ဆင်စေခြင်း၊ ထိုင်ခုံတစ်လုံးခြား စီးနင်းလိုက်ပါစေရေး စီစဉ်တို့ကိုဆောင်ရွက်လျှက်ရှိပြီး ပြည်သူများ ခရီးသွားလာရေး အဆင်ပြေချော့မွေ့စေရန် မြို့နယ်အတွင်းရှိ ရွှေကျွန်းရတနာ၊ မိုးစတား၊ ရွှေလမင်း စသည့် ယာဉ်လိုင်းငယ်လေးများသည် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀၊   ၁၃၀၀၀  နှုန်း အသီးသီးဖြင့်   ပြေးဆွဲလျက်ရှိပြီး  အောင်ချမ်းသာ၊  ရွှေကိန္ဒရီ၊  ကြယ်စင်လင်း စသည့်ကားကြီးလိုင်းများဖြင့် ခရီးသည်များစျေးနှုန်း သက်သာစွာစီးနင်းလိုက်ပါနိုင်ရေး အတွက် တစ်ဦးလျှင် ကျပ်(၆၀၀၀)၊ (၇၀၀၀)ကျပ်နှုန်းများဖြင့်   အလှည့်ကျ အစီအစဉ်အတိုင်း   ပြေးဆွဲနေပြီဖြစ်ပါကြောင်း သတင်းရရှိသည်။

 

အောင်အောင်( ပြန်/ဆက် )