ကျောက်ဆည်  ၃  ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများ ကာယဉာဏဖွံ့ဖြိုးတိုး တက်စေရေး သင်ထောက်ကူပစ္စည်း ခါးလှည့်ကွင်းနှင့် ဒီဂျစ်တယ်ချိန်ခွင်များကို တောင်နံ့သာကျေးရွာ အခြေခံပညာ မူလတန်းကျောင်းခန်းမတွင် ဇွန် ၃ ရက် နံနက်(၉)နာရီက အခမဲ့ဖြန့်ဝေနိုင်ရေး အခြေခံပညာကျောင်း(၁၈၆)ကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း(၁၆)ကျောင်းတို့အား ထုတ်ပေးခဲ့ကြောင်းသိရသည်။

 

အဆိုပါ သင်ထောက်ကူပစ္စည်းများကို ကျောင်းသား/ကျောင်းသူများကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် ကာယ ဉာဏဖွံ့ဖြိုးတိုးတက်စေရန်နှင့် သင်ထောက်ကူပစ္စည်းအဖြစ် အသုံးပြုနိုင်စေရန် အခြေခံပညာ အထက်တန်းကျောင်း(၁၁)ကျောင်း၊ အထကခွဲ(၉)ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အလကခွဲ(၈)ကျောင်း၊ အမက မူလွန်ကျောင်း(၂၄)ကျောင်း၊ မူလတန်းကျောင်း (၁၃၂)ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း(၁၆) ကျောင်းတို့တွင် ရောင်ပြန်ခါးလှည့်ကွင်း (၅)စုံစီနှင့် ဒီဂျစ်တယ်ချိန်ခွင်(၁)စုံစီတို့ကို အခမဲ့ဖြန့်ဝေနိုင်ရေးထုတ်ပေး ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ အကြီးတန်းစာရေး ဒေါ်ခင်ဆွေသန်းက ပြောပြ၍ သိရသည်။

 

အဆိုပါသင်ထောက်ကူပစ္စည်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးအတွက် အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်စုအဖွဲ့ခေါင်းဆောင် ကျောင်းအုပ်ဆရာကြီး(၅)ဦးနှင့် ဘုန်းတော်ကြီးပညာသင် ကျောင်းမှ တာဝန်ခံဆရာ ဦးတူးတူးတို့အား ကျောင်းများတွင် စနစ်တကျပြန်လည်ဖြန့်ဝေနိုင်ရေး ထုတ်ပေး ခဲ့ကြောင်း သိရသည်။

 

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)