၃ ဇွန်
အီတလီကို လာရောက်လည်ပတ်မယ့် ဉရောပနိုင်ငံသားတွေကို ဒီနေ့(ဗုဒ္ဓဟူးနေ့)မှစပြီး လက်ခံနေပြီလို့ သိရပါတယ်။ နွေရာသီရဲ့ ခရီးသွားရာသီအစအဖြစ် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရန် သုံးလကြာ ပိတ်ထားတဲ့ ခရီးသွားလုပ်ငန်း ပြန်လည်စတင်လိုက်တာ ဖြစ်ပါတယ်။ အီတလီနိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်ကို ဉရောပ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ရရှိနေပြီ ဖြစ်ပါတယ်။
ဗင်းနစ်မြို့ရှိ ဂွန်ဒိုလာလှေတွေကလည်း အသုံးပြုရန် အဆင်သင့်ဖြစ်နေကြသလို ရောမမြို့ကလည်း ခရီးသွားတွေကို ကြိုဆိုနေပြီဖြစ်ပါတယ်။
အီတလီနိုင်ငံဟာ ဉရောပရဲ့ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ပထမဦးဆုံးခံရတဲ့နိုင်ငံ ဖြစ်တဲ့အတွက် မတ် ၇ ရက်နေ့ကစပြီး အသွားအလာ ကန့်သတ်ပိတ်ဆို့ခဲ့ပါတယ်။
နိုင်ငံတကာကလာမယ့် လေယာဉ်တွေကို မြို့ကြီးသုံးမြို့က လေဆိပ်တွေကလည်း လက်ခံမှာ ဖြစ်ပါတယ်။
အီတလီနိုင်ငံရဲ့ နယ်စပ်ဂိတ်တွေ ဖွင့်လိုက်ပြီဖြစ်ပါတယ်။ နယ်စပ်ခြင်း ထိစပ်နေတဲ့ ဆွစ်ဇာလန် နိုင်ငံကတော့ သူ့နိုင်ငံသားတွေကို အီတလီသွားလည်ပြီး ပြန်လာရင် ကျန်းမာရေးဆိုင်ရာ ထိန်းချုပ်မျိုး လုပ်နိုင်ကြောင်း ပြောပါတယ်။
ဆွစ်ဇာလန်နိုင်ငံရဲ့ နယ်စပ်တွေဖြစ်ဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်နဲ့ ဩစတြီးယား နိုင်ငံတွေရဲ့ နယ်စပ်ဂိတ်တွေကို ဇွန် ၁၅ ရက်နေ့တွင် ဖွင့်မှာဖြစ်ပေမယ့် အီတလီနယ်စပ်ဂိတ်ကိုတော့ မဖွင့်သေးကြောင်း ပြောပါတယ်။
အလားတူ ဩစတြီးယားကလည်း ဂျာမနီ၊ ဆွစ်ဇာလန်၊ ချက်၊ စလိုဗေးနီးယားနဲ့ ဟန်ဂေရီနယ်စပ်တွေ ကို ဇွန်လလယ်မှာ ဖွင့်မှာဖြစ်ပေမယ့် အီတလီနယ်စပ်ဂိတ်တော့ မဖွင့်သေးကြောင်း၊ အီတလီနိုင်ငံဟာ အခုချိန်ထိ ဗိုင်းရပ်စ်ပိုးပျံ့ပွားရာ ဗဟိုဖြစ်နေသေးတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဗြိတန်နဲ့ ဘယ်လဂျီယံနိုင်ငံတွေကလည်း အရေးမကြီးရင် နိုင်ငံရပ်ခြားကို ခရီးမသွားကြဖို့ ဆော်ဩနေပါတယ်။
အီတလီနိုင်ငံခြားရေးဝန်ကြီးက အီတလီကို ကိုယ်ရေးပြားရောဂါရှင်လို ပြုမှုဆက်ဆံနေတဲ့ နိုင်ငံတွေကို သတိပေးလိုက်ပါတယ်။ ဝန်ကြီးက ဂျာမနီ၊ စလိုဗေးနီးယားနဲ့ ဂရိနိုင်ငံတွေကို သွားရောက်ပြီး အီတလီဟာ ခရီးသွားတွေအား လုံခြုံမှု ပေးနိုင်တဲ့ နိုင်ငံဖြစ်တယ်လို့ သွားရောက်ပြောမယ်လို့ သိရပါတယ်။
အီတလီနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားဝင်ငွေကို မှီခိုနေတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံ့ဝင်ငွေရဲ့ ၄၀ ရာခိုင်နုန်း လောက်က ခရီးသွားလုပ်ငန်းက ရရှိတာဖြစ်ပါတယ်။
MDN
ကိုးကား -AFP