ညောင်တုန်း  ၃  ဇွန်     

       

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် ၃ လုံးရှိ အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက ရန်ကင်းစံရာကျေးရွာအုပ်စု၊ ရန်ကင်းစံရာ (အနောက်ကျွန်း) ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ရာတွင် ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာအုပ်စု၊ ရန်ကင်းစံရာ (အနောက်ကျွန်း) ကျေးရွာတွင် ဇွန်လ ၂ ရက်နေ့၌ ပန်းလှိုင်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး အလျားပေ ၁၅၀၊ အနံ ၇၅ ပေခန့် ပြိုကျခဲ့ရာ နေအိမ် ၃ လုံး ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရပြီး ပြောင်းရွှေ့နေအိမ် ၁ လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၁၀ဝ၀ဝ၀ နှင့် ဆန်ရိက္ခာ တစ်ပတ်စာ အတွက် တစ်ဦးလျှင် ၂၁၀ဝ ကျပ်နှုန်းဖြင့် စုစုပေါင်း နေအိမ် ၃ လုံး၊ အိမ်ထောင်စု ၃ စုနှင့် လူဦးရေ ၁၂ ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာ ထောက်ပံ့ငွေ  ၃၂၅၂၀ဝ ကျပ်တို့အား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံး၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း၊ မအူပင်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သဇင်ထွန်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝဠာနိုင် (ညောင်တုန်း)