မြဝတီ ၃ ဇွန်
ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်-၂ တံတားတွင် မေလ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လက်ခံလျက်ရှိရာ ပြန်လည်ဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ယနေ့ နံနက် ၇ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် “Covid-19 မပြန်ပွားဖို့ မိမိကစ၍ ကာကွယ်ကြပါစို့”သတင်းစကား လက်ကမ်းစာ စောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ ရောဂါများစတင်ဖြစ်ပွားပုံ၊လက္ခဏာများ၊ ရောဂါကူး စက်ပုံများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်ရေး လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ နိုင်ငံကျော်အနုပညာရှင်များ၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာ ပေး လှုံဆော်ချက်များနှင့် စနစ်တကျ လက်ဆေးနည်းများ ပါဝင်သည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)


