ရန်ကုန် ၃ ဇွန်
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလတွင် ပြည်သူများ စိတ်ပိုင်းဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ အာမခံလုပ်ငန်းဖြစ်သည့် (AIA Myanmar) က ဒုတိယအကြိမ်မြောက် “In The Loop: Now What?” အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက AIA Myanmar Facebook ၌ ပြုလုပ်သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ဦးအောင်ချစ်ခင် (Founder/President Strategy First University)၊ Arabelle Yee (Founder Arabelle Yee International) ဒေါက်တာသူရိန်လှိုင်ဝင်း (Editor Chief Hello Sayarwon)၊ ဒေါက်တာဝင်းမင်းသန်း (Social Media Influencer Moderator) တို့က ကိုဗစ်-၁၉ အလွန် ပြန်လည်အသက်ဝင်လာမှုကြောင့် စီးပွားရေးလုပ်ငန်းများအနေနှင့် သတိထားရမည့် အချက်များအပါအဝင် လူမှုဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများ၊ ချစ်မှုရေးရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် သိသင့်သိထိုက်သော အချက်အလက်များကို ဆွေးနွေးကြသည်။
အဆိုပါ အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲ တိုက်ရိုက်ထုတ်လွှင့်ခြင်း စကားဝိုင်းဆွေးနွေးပွဲတွင် သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။
အာကာစိုး


