၃ ဇွန်
ဥရောပသမဂ္ဂ (EU) ရဲ့ သံတမန်အကြီးအကဲက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မှာ G7 ဆွေးနွေးပွဲရဲ့ ပုံစံကိုပြောင်းဖို့ အခွင့်အာဏာမရှိကြောင်း၊ ထရမ့်က G7 ဆွေးနွေးပွဲကို ရုရှားအပါအဝင် နိုင်ငံအချို့ကို ဖိတ်ကြားမယ်လို့ ပြောကြားအပြီး အခုသတိပေးချက်ကို အင်္ဂါနေ့က ပြောကြားတာဖြစ်ပါတယ်။
ကမ္ဘာ့စက်မှုဦးဆောင်နေတဲ့နိုင်ငံတွေ အဖွဲ့ထဲကနေ ရုရှားကို ၂၀၁၄ ခုနှစ်က ယူကရိုန်းနိုင်ငံကို ကျူးကျော်ပြီး ခရိုင်းမီးယားကို သိမ်းယူလိုက်တဲ့အတွက် ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ထရမ့်က လက်ရှိအဖွဲ့ဝင်အရေအတွက်ဟာ ခေတ်မမီတော့တဲ့အတွက် ဖြစ်တယ်လို့ အကြောင်းပြပါတယ်။
G7 အဖွဲ့မှာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံတွေ ပါဝင်ပါတယ်။ G7 ဆွေးနွေးပွဲရဲ့ ကနဦးအစီအစဉ်မှာ ၇ နိုင်ငံမှာ ခေါင်းဆောင်တွေဟာ ဗီဒီယိုကနေတစ်ဆင့် ဆွေးနွေးဖို့ ရည်ရွယ်ထားပေမယ့် လူကိုယ်တိုင်တက်ရောက်နိုင်အောင် ဆွေးနွေးပွဲရက်ကို စက်တင်ဘာလသို့ ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။
အမေရိကန်သမ္မတက ရုရှား၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ ဩစတြေးလျနိုင်ငံတွေကို ဖိတ်ကြားဖို့ ပြင်ဆင်နေပါတယ်။
ကနေဒါဝန်ကြီးချုပ်က သမ္မတထရန့်ရဲ့ ဧည့်သည်ဖိတ်ကြားမယ့် အစီအစဉ်ကို ပြင်းပြင်းထန်ထန် ငြင်းပယ်လိုက်ပါတယ်။
MDN
ကိုးကား - AFP
