နေပြည်တော် ၄ ဇွန်
ဇီဝမျိုးစုံမျိုးကွဲဆိုသည်မှာ ကမ္ဘာကြီးပေါ်တွင်ရှိသော များစွာသော မျိုးစိတ်များ အပင်များနှင့် တိရစ္ဆာန်များ မှိုများနှင့် ဘက်တီးရီးယားများပါဝင်ပြီး ထိုမျိုးစိတ် တစ်ခုနှင့်တစ်ခု ညီညွတ်မျှတစွာ ဟန်ချက်ညီသော ကျန်းမာသော ဂေဟစနစ်တစ်ခု ဖြစ်လာနိုင်ည် ဖြစ်သည်။
ဟန်ချက်ညီသည့် ကျန်းမာသောဂေဟစနစ်နှင့် ကြွယ်ဝသော ဇီးဝမျိုးမျိုးကွဲများသည် လူသားများ အသက်ရှင်သန်ရေးအတွက် အခြေခံ ကျသော သဲမြစ်ဖြစ်ပါသည်။ ကျန်းမာသော ဂေဟစနစ်သည် လူသား များ၏ သန့်ရှင်းသောလေ၊ သန့်ရှင်းသောရေ၊ အာဟာရ ဖြစ်သော အစားအစာများ၊ သဘာဝခြေခံသည့် ဆေးဝါးများ ကုန်ကြမ်းပစ္စည်းများ ရရှိနိုင်ခြင်းတို့နှင့်အတူ ရာသီဥတုကို ထိန်းညှိပေးသည့်အတွက် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဖြစ်ပွားများကိုလျော့နည်းစေနိုင်ပါသည်။
သို့သော် ကျွန်ုပ်တို့လူသားများသည် သဘာဝတရားကို ဂရုမစိုက်ခဲ့ကြပါ။ ဘရာဇီး၊ အမေရိကန်နှင့် သြစတြေးလျနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် တောမီးလောင်ကျွမ်းမှုများနှင့် အာဖရိကကျွန်းဆွယ်သည့် ကျိုင်းကောင်များ အစုလိုက်ဝင်ရောက်ခြင်းနှင့် သန္တာကျောက်တန်းများ ပျက်စီးခြင်းများသည် သောစနစ် ယိုယွင်း ပျက်စီးနေသည့် သက်သေ သာဓကများ ဖြစ်ပါသည်။ သောစနစ် ကျန်းမာဟန်ချက်ညီအောင် ထိန်းသိမ်းရာတွင် မျိုးစိတ်တိုင်းသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည့်အတွက် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာမှုနှင့် ၎င်းတို့၏ နေရင်းသ က်ဆုံးမှုသည် ဂါပိုးမွှားများနှင့် ဗိုင်းရပ်စ်များ ပျံ့နှံ့မှုကို တိုးပွားစေပါသည်။ ကမ္ဘာအနှံ့ ဖြစ်ပွားနေသော အသက်ရှူ လမ်းအကြောင်းဆိုင်ရာ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကို ကြည့်မည် ဆိုပါက ကျွန်ုပ်တို့၏ ကျန်မာရေးသည် ကမ္ဘာမြေကြီး၏ ကျန်းမာရေးနှင့် ချိတ်ဆက်နေကြောင်းကို ပြသနေပါသည်။
ကမ္ဘာ့ စီးပွားရေးသည် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဆက်စပ်နေပါသည်။ ဇီဝမျိုးစုံမျိုးကွဲများရရှိသည့် ဝန်ဆောင်မှုများ သည် တစ်နှစ်လျှင် ခန့်မှန်း ခြေ အမေရိကန်ဒေါ်လာ (၁၂၅ မှ ၄၀ ထရီလီယံ) ထောက်ပံ့ပေးနေပြီး ကမ္ဘာ့ GDP ထက် တစ်ဆခွဲကျော် ပိုမိုများပြားပါသည်။ ကျွန်ုပ်တို့ စားသုံး နေသည့် အစားအစာ၊ ရှူရှိုက်နေသော လေနှင့် သောက်သုံးနေသော ရေတို့သည် သဘာဝကြီးမှ ရရှိနေခြင်းဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေသည် ၁၀ ဘီလီယံသို့ ရောက်ရှိရန် နီးကပ်လာသည့်အတွက် သဘာဝကို တန်ဖိုး ထ၍ ရရှိသည့်အခွင့်အလမ်းများကို လက်လွတ်မခံဘဲ အမိအရ ဆုပ်ကိုင်ထားကာ သဘာဝနှင့် ဆန့်ကျင်သည့် အပြုအမူမျိုး မပြုလုပ်မိ စေရန် လိုအပ်ပါသည်။
သဘာဝနှင့် ကျွန်ုပ်တို့အကြား ဆက်ဆံရေးကို ပြန်လည်ဆန်းစစ်ခြင်း၊ ၎င်းတို့ကို ကာကွယ်စောင့်ရှောက် နိုင်ရေးအတွက် ရည်မှန်းချက်များထားရှိခြင်းနှင့် တာဝန်ခံမှုများ တိုးမြင့်လာစေရန်ယခုမှစ၍ ဆောင် ရွက်သွားခြင်းဖြင့် မျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးရခြင်းကို ကာကွယ် သွားနိုင်မည်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် တောရိုင်းဘိရစ္ဆာန်များနှင့် ၎င်းတို့၏ နေရင်သေများကို ထိန်းသိမ်းကာကွယ်ခြင်း၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် အခြေခံအဆောက်အအုံများနှင့် စီးပွားရေး လုပ်ငန်းများသို့ အသွင်ကူးပြောင်းခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ခြင်း ကျွန်ုပ်တို့၏ စားသုံးမှုပုံစံနှင့် ထုတ်လုပ်မှုပုံစံတို့ကို ပြောင်းလဲခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသွားမည်ဖြစ်သည်။
ကျွန်ုပ်တို့၏လူမှုအဖွဲ့အစည်းကို ခြိမ်းခြောက်နေသော COVID-19 ကပ်ရောဂါကို ကြိုတင်အစီအမံများ ဆောင်ရွက်ကာ တစ်ကမ္ဘာလုံးမှ စည်းလုံးညီညွတ်စွာဖြင့် တုံ့ပြန်ဖြေရှင်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ကမ္ဘာ့နိုင်ငံများအနေဖြင့် ပိုမိုကောင်းမွန်သည့် သဘာဝတ်ဝန်းကျင်ကို ပြန်လည်တည်ဆောက်ရန်အတွက် ပထမဦးစားပေးအနေဖြင့် ဆုံးဖြတ် ချက်များ ချမှတ်တိုင်း သဘာဝပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
လူသားများ၏ အသက်ရှင်ရပ်တည်မှုသည် အမျိုးမျိုးကွဲများ အပေါ် တည်မှီနေသည့်အတွက် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးနေ မရသည့် အခြေအနေကို လူသားများအနေဖြင့် လျစ်လျူ၍ မရနိုင်ပါ။ ထို့ကြောင့် ၂ဝ၂ဝ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့တ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပေါ် နေသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနများအနက် မျိုးသုဉ်းပျောက်ကွယ် တော့မည့် အန္တရာယ်ကို ရင်ဆိုင်နေကြရသည့်သန်းပေါင်းများစွာသော အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲပြဿနာကို ရှေးရှု ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် “တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီး မျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီထိန်းသိမ်းကြစို့” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့အတွက်ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင် မထိန်းသိမ်းရေးကို အစိုးရ၊ ပုဂ္ဂလိက၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူတစ်ဦးတစ်ယောက် ချင်းဆီက “တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း။ ။
မြန်မာ့အလင်း