လဟယ် ၄  ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်ဆိုင်းထားသော ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ပြန်လည်စတင် ထိုးနှံလျှက်ရှိကြောင်း သိရှိရသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်ဆိုင်းထားခဲ့သော ကလေးသူငယ်များ ပုံမှန်ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းကို လဟယ်မြို့ပေါ်ရှိ ရပ်ကွက်(၅)ရပ်ကွက်မှ ကလေးသူငယ်များကို  ဇွန်လ(၃)ရက်မှ စတင်ပြီး နံနက် ၉ နာရီမှ စတင်ထိုးနှံလျက်ရှိကြောင်း သိရှိရသည်။

 

mdn

 

ထိုသို့ ကလေးသူငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက် (၂)လမှ (၂)နှစ်ထိ  ကိုဗစ်-၁၉ကပ်ရောဂါ  ဖြစ်ပွားသဖြင့် ရပ်ဆိုင်း ထားခဲ့သောကြောင့် ယခုတစ်ဖန် ပြန်လည်ထိုးနှံ ပေးလျှက်ရှိကြောင်းနှင့်  လဟယ်မြို့ပေါ်ရှိရပ်ကွက်  (၅)ရပ်ကွက်နှင့် ကျေးရွာ (၁၆)ရွာ တို့တွင်လည်း ပုံမှန်ကာကွယ်ဆေး (၁၂)မျိုးကို စတင်ထိုးနှံ ပေးလျှက်ရှိကြောင်း မြို့နယ်ကာကွယ်ဆေး ထိုးနှံပေးနေသော ကျန်းမာရေးဆရာမထံမှ သိရှိရပါသည်။

 

ပါမင်းလှိုင်(ပြန်/ဆက်)