ပုသိမ် ၄ ဇွန်
ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက်(ပုသိမ်)မှ ဥက္ကဋ္ဌ စောအင်ဒရူးပန်၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသုံးကုန်များကို ရပ်ကွက်နေပြည်သူများသို့ ယနေ့နံနက်ပိုင်းတွင် စတင်ရောင်းချပေးနေကြောင်း သိရသည်။
ဒေသထွက်ကုန်များ ပုံမှန်ကုန်စည်ကူးသန်းရောင်းဝယ်ရေးမှုအား တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ရေးနှင့် ကိုဗစ် -၁၉ ကာလအတွင်းပြည်သူများ၏အခြေခံစားကုန်များကို အရည်အသွေးမှန်၊စျေးနှုန်းမှန်ကန်စွာဖြင့် အိမ်အရောက်ရောင်ချ ပေးခြင်းဖြစ်ကြောင်း၊ ယနေ့ ကိုဗစ် -၁၉ ကာလတွင် မိမိအိမ်မှာနေပြီး လူစုလူဝေး မဖြစ်ပေါ်ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီခြင်းဖြစ်ကြောင်း၊ သမဝါယမမူအတိုင်း အမြတ်အစွန်းကို အဓိကမထားဘဲ စျေးနှုန်းမှန်ကန်စွာ ရောင်းချပေးမှာဖြစ်ကြောင်း၊ အရည်အသွေးကောင်း၊ သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်မျာကိုသာ ရောင်းချပေးတာဖြစ်ကြောင်း၊ ကုန်စိမ်း၊ ကြက်သွန်နီ/ဖြူ အစရှိသော အခြေခံစာသုံးကုန်များကို ရောင်းချပေးသွားမှဖြစ်ကြောင်း သိရသည်။
ယခုဇွန်လ ၄ ရက်၊ ၁၀ ရက်နှင့် ၁၃ ရက်နေ့များတွင် ရပ်ကွက်များသို့ ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)


