ဂန့်ဂေါ    ဇွန်

 

ဂန့်ဂေါမြို့၏ လူမှုရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့် မာဃသဟာယ လူမှုရေးအဖွဲ့သို့ မြောက်ကုန်းရပ်ကွက် မှ ဦးမြို့ဖေမိသားစုက ယနေ့နံနက်တွင် အဖွဲ့၏လုပ်ငန်းများ ဆောင်ရွက်နေသူ ၄၅ ဦးအတွက် တစ်ထည်လျင် ၆၀၀၀ ကျပ်တန် အင်္ကျီ ၄၅ ထည်ကို အဖွဲ့ရုံး၌ ထောက်ပံ့လှူဒါန်းရာ အဖွဲ့အတွင်းရေးမှူး ဦးခင်မောင်မြင့် က လက်ခံရရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယနေ့နံနက်တွင် နေရာပြန်များအား အသွားအလာ ကန့်သတ်ထားရှိသည့် ဂန့်ဂေါမြို့ စက်မှုလက်မှု သိပ္ပံမှ ၄၅ ဦးအတွက် ကိုကာကိုလာ ၂၄ ဘူးပါ ၁၀ ကတ်ကိုလည်းကောင်း၊ မြို့မတောင်ပိုင်း အမက မှ ဦးတို့ အတွက်၂၄ ဘူးပါ ကတ်ကိုလည်းကောင်း  ပြည်ဖြိုးသူစီးပွါးရေးလုပ်ငန်းက လှူဒါန်းရာ မာဃသဟာယအဖွဲ့ က သွားရောက်ပို့ဆောင် ထောက်ပံ့ကြသည်။

 

အဆိုပါ မာဃသဟာယအဖွဲ့သည် အလှူရှင်များလှူဒါန်းသည့် ဆန်ပြုတ်များကို ဘုန်းတော်ကြီးကျောင်း များ၊ ဂန့်ဂေါမြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံတွင် ရောဂါကုသမှုခံယူနေသူများ၊ ရဲတပ်ဖွဲ့အချုပ်သားများ၊ မြို့ပေါ်ရှိ သက်ကြီးအဘိုးအဘွားများထံ နေ့စဉ်ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ထိ ၅၉၄ ကြိမ်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

 

တောင်သားမောင်သန်း