လဲချား ဇွန်

 

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည့် Mask နှင့် PPE ဝတ်စုံများ ပေးအပ်ပွဲကို ယနေ့နံနက်  ၉နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ကမ္ဘာ့တစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများဖြစ်သည့်  Maskနှင့် PPE ဝတ်စုံများကို အစိုးရအဖွဲ့၊ အလှူရှင်နှင့်အဖွဲ့အစည်းအသီးသီးမှ လှူဒါန်းသော ပစ္စည်းများအား ပေးအပ်ခြင်းဖြစ်သည်။

 

အဆိုပါပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်ဆရာဝန်ကြီးမှ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကာကွယ်ကုသရေးလုပ်ငန်းများနှင့် အရေးပေါ်ကိစ္စများတွင် ဆောင်ရွက်နေသူများအတွက် အသုံးပြုနိုင်ရန်ပေးအပ်ခြင်းဖြစ်ပြီး ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သောနေရာများတွင် စနစ်တကျအသုံးပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ် ပြန်/ဆက်