ဝက်လက် ၄    ဇွန်

စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ဝင်းလက်ရွှေရည်ခန်းမ၌ ယမန်နေ့  နံနက် (၉) နာရီအချိန်က စေတနာ့ဝန်ထမ်း (Volunteer) ဆင့်ပွားသင်တန်း ဖွင်ပွဲအခမ်းနားကို ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြား ပြီးနောက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဝက်လက်မြို့နယ်အတွင်းမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ဆောင်ရွက်ရန်အတွက် ဆန္ဒပြုထားသည့် စေတနာ့ ဝန်ထမ်များအနေဖြင့် စေတနာ၊ ကရုဏာ၊ အနစ်နာ ဆိုသည့် နာ (၃) နာ လက်ခံရယူထားပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် သင်တန်းသား/သင်တန်းသူများ အနေဖြင့် လက်တွေ့ လုပ်ကိုင်ကြရာတွင် အခက်ခဲရှိပါက သင်တန်းနည်းပြများ မေးမြန်းစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စန်းစန်းနွယ်မှ စေတနာ့ဝန်ထမ်း (Volunteer) သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

သင်တန်းဖွင့်လှစ်ရာတွင် သင်တန်းသား/ သင်တန်းသူ (၄၀၀) ကျော်ရှိသည့်အတွက် လူစုလူဝေး မဖြစ်စေ ရေးအတွက် သင်တန်းချိန် (၄) ချိန်ခွဲကာ (၂)ရက်ကြာ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းတွင် သင်တန်းနည်ပြများအဖြစ် ရွှေဘိုခရိုင် လူမှူဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းနွယ်၊ ဝက်လက်မြို့နယ် ပြည်သူ့ဆေရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာ လွင်မိုးအောင်၊ မီးသတ်ဦးစီးအရာရှိ ဦးမောင်းနိန်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဦးအောင်မြကျော်၊ ရွှေပန်းကုံးကျေးရွာ လူမှူကူညီရေးအသင်းဥက္ကဋ္ဌ ဦးမြင့်ဇော်တို့က သင်တန်းကို အချိန် (၄)ချိန်ခွဲက (၂)ရက်ကြာ ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရသည်။

စိုးစိုးလှိုင် (ဝက်လက်)