၄ ဇွန်
တရုတ်လေကြောင်းလိုင်းများ အမေရိကန်ပြည်ထောင်စုသို့ ပျံသန်းခွင့် ပိတ်ပင်မည့် အစီအစဉ်များကို အမေရိကန် လေကြောင်းအာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန် လေကြောင်းလိုင်းများ တရုတ်နိုင်ငံသို့ ပျံသန်းခွင့်ကို ငြင်းဆန်ခဲ့သဖြင့် လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စုက ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကို ပျံသန်းနေသော လေကြောင်းလိုင်းများ အားလုံးကို အမေရိကန် လေကြောင်းလိုင်းများက ခေတ္တရပ်ဆိုင်းခဲ့သည်။
သို့သော်လည်း Air China နှင့် China Eastern လေကြောင်းလိုင်းများ အပါအဝင် တရုတ်လေကြောင်းလိုင်း လေးခုသည် အမေရိကန်သို့ ခရီးစဉ်အချို့ ပျံသန်းမှု ဆက်လက်လုပ်ဆောင်သည်။
တရုတ်လေကြောင်လိုင်း ခရီးသည်တင် လေယာဉ်များကို ဇွန် ၁၆ ရက်နေ့မှစတင်ကာ အမေရိကန်ပြည်ထောင်စုသို့ ပျံသန်းခွင့်ကို ပိတ်ပင်မည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်လေကြောင်းလိုင်းများ ဇွန်လအစောပိုင်းမှစတင်ကာ တရုတ်နိုင်ငံသို့ ပျံသန်းမှု ပြန်လည်စတင်ရန် တောင်းဆိုမှုကို တရုတ်နိုင်ငံက ပယ်ချခဲ့သည်ဟု သယ်ယူပို့ဆောင်ရေးဌာနက ဆိုသည်။
အဆိုပါ ပျံသန်းခွင့် နောက်ဆုံးပိတ်ပင်မှုသည် နှစ်နိုင်ငံပြည်သူများအကြား လှုပ်ရှားသွားလာမှုများကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားဖွယ်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို