ဟင်္သာတ ၄ ဇွန်
ဟင်္သာတမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကြောင့် ယာယီပိတ်သိမ်းထားခဲ့သည့် ဟင်္သာတ-ရန်ကုန်ယာဉ်လိုင်းများ ဇွန် ၃ ရက်က စတင် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
ခရီးသွားပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ ကိုယ်အပူချိန်တိုင်း တာစစ်ဆေးခြင်း၊ ကိုဗစ်-၁၉ အသိပညာ ပေးဗီဒီယိုပြသပေး ခြင်းတို့ စီမံဆောင်ရွက်ထားကြောင်း ဟင်္သာညီနောင် ခရီးသည်ပို့ ဆောင်ရေးယာဉ်လိုင်းမှ ဂိတ်တာဝန်ခံ ဦးသန်းထွေးထံက သိရသည်။
ပြန်လည်ပြေးဆွဲနေသည့် ယာဉ်လိုင်းများကို စစ်ဆေးရေးဂိတ်တွေကနေ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်၊ သတ်မှတ် စည်းကမ်းချက်များနှင့် ကိုက်ညီမှသာ ထွက်ခွာပြေးဆွဲခွင့်ပေးကြောင်း ဟင်္သာတခရိုင် မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီ ဘဏ္ဍာရေးမှူး ဦးဆန်ညိုအောင်က ပြောသည်။
ဟင်္သာတမြို့တွင် ခရီးသည်တင် မော်တော်ယာဉ်အားလုံး ပြေးဆွဲခြင်းမရှိသေးဘဲ ခရီးသည်တင် ယာဉ်လိုင်းတစ်ချို့သာ ပြန်လည် ပြေးဆွဲနေကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


