နယူးယောက်  ၄  ဇွန်

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လူမျိုးရေးပဋိပက္ခကို လှုံ့ဆော်တဲ့ ပြောဆိုမှုတွေ ရှိနေတဲ့အတွက် Snapchat ဆိုရှယ်မီဒီယာက  သမ္မတရဲ့အကောင့်ကို လူကြည့်များအောင် မလုပ်တော့ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။

 

လူမျိုးရေးပဋိပက္ခနဲ့ မတရားမှုတွေ လှုံ့ဆော်သူတွေရဲ့ အသံကို ကျယ်လောင်အောင် လုပ်ပေးမှာ မဟုတ်ကြောင်း၊ သမ္မတရဲ့ အကောင့်ဟာ Snapchat အက်ပလီကေးရှင်းရှိ Discover section မှာ ရှိတော့မှာ မဟုတ်ကြောင်း လူငယ်တွေအတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ Snapchat ဆိုရှယ်မီဒီယာရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ အခြေစိုက်တဲ့ Snapchat ဆိုရှယ်မီဒီယာက လူမျိုးရေးပဋိပက္ခနဲ့ မတရားမှုတွေဟာ လူမှုအသိုင်းအဝိုင်းမှာ နေရာမရှိဘူး။ အမေရိကန်နိုင်ငံမှာ ငြိမ်ချမ်းရေး၊ ချစ်ခြင်းမေတ္တာ၊ တန်းတူညီမျှရေးနဲ့ တရားမျှတတွေအတွက် အတူပူးပေါင်းရှာဖွေမယ်လို့ Snapchat ရဲ့ မိခင်ကုမ္ပဏီ Snap က ပြောကြားပါတယ်။

 

MDN

ကိုးကား- AFP