ကျောက်ဆည်   ၄   ဇွန်

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဇွန် ၄ ရက် နံနက် ၉ နာရီက သွေးလိုအပ်မှုမရှိစေရေးအတွက် ဇီဝိတဒါနသွေးလှူရှင်အသင်းဝင် ၇၅ ဦးမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ စုပေါင်းသွေးလှူဒါန်းရာတွင် လိုအပ်မှုများဖြည့်ဆည်းပေးနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်အားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော် တို့က ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပြီး သွေးလှူရှင် အသင်းအနေဖြင့် ကိုဗစ်-၁၉ ကာလမှာ သွေးလိုအပ်မှု များရှိနေတဲ့ မန္တလေးမြို့မှဆေးရုံကြီး၊ ခုတင်(၅၀ဝ)ဆံ့ ဆေးရုံ၊ ခုတင်(၃၀ဝ)ဆံ့ သင်ကြားရေးနှင့်ကုသရေးဆေးရုံ၊ ဗဟိုအမျိုးသမီး ဆေးရုံကြီး၊ ခုတင်(၅၅၀)ဆံ့နှင့် ခုတင်(၃၀ဝ)ဆံ့ကလေးဆေးရုံတွေကြီးများမှ သွေးလှူရှင် (၂၅၄)ဦးမှ (၈)ကြိမ် သွေးလှူဒါန်းမှုများပြုလုပ်ခဲ့ပြီး ယခုအခါကျောက်ဆည်ဆေးရုံကြီးသို့ သွေးလှူရှင် (၇၅)ဦးက စုပေါင်းသွေးလှူခြင်းဖြစ်ကြောင်း" အသင်းဥက္ကဋ္ဌ၊ ဦးမျိုးမြင့်အောင်က ရှင်းလင်း ပြောကြားသည်။

 

စုပေါင်း သွေးလှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားပြီးလူစုလူဝေးမရှိစေရေး ၁၀ ဦးတစ်ဖွဲ့ခွဲပြီး သွေးလှူဒါန်းမှုများကို သွေးတာဝန်ခံဒေါက်တာအောင်အောင်ဦးနှင့် ဝန်ထမ်းများမှ စနစ်တကျ လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

သက်မောင်(ခရိုင်ပြန်/ဆက်)