မြိတ်     ဇွန် 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ကမ်းနှင့် မြိတ်တစ်ဖက်ကမ်း ကျွန်းစုမြို့နယ် ပထော် ပထက် ကျေးရွာ ဆိပ်ကမ်းတို့တွင် ပြေးဆွဲလျက်ရှိသည့် ကူးတို့လှေမောင်းသူ(၁၆၁)ဦးအား ဇွန်လ()ရက်က ကျွန်းစုမြို့နယ် ပထက်ကျေးရွာရှိ အထက(ပထက်)ကျောင်းတွင် အခြေခံစားသောက်ကုန်()မျိုးကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်နေတဲ့ကာလ ()လကျော်ကြာလာတာဖြစ် တဲ့အတွက် အခြေခံလူတန်းစား ကူးတို့လှေမောင်းသူများဟာ သူတို့ရဲ့နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲရှိမယ်လို့ ယူဆပါတယ်။ သူတို့ရဲ့နေ့စဉ် ကူးတို့လှေမောင်းရတဲ့ စီးပွားရေးလုပ်ငန်းကလည်း လူဦးရေသွားလာမှု လျော့နည်းလာတာဖြစ်တဲ့အတွက် တစ်နေ့ဝင်ငွေလျော့နည်းနေပြီလို့ ယူဆပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ကူးတို့လှေမောင်းတဲ့ အခြေခံလူတန်းစားတွေအတွက် ရည်ရွယ်ပြီး ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးကြရန် တိုင်ပင်ပြီး ရိက္ခာ()မျိုးကို ထောက်ပံ့လှူဒါန်းရခြင်း ဖြစ်ပါတယ်ဟု ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉက္ကာမင်း က ပြောသည်။

 

လွှတ်တော်ကိုယ်စားလှယ်များမှ ကူးတို့‌‌လှေမောင်းသူတစ်ဦးလျှင် အခြေခံစားသောက်ကုန်()မျိုးအဖြစ် ဆန်()ပြည်၊ ဆီ()ဗူး၊ ငါးသေတ္တာ()လုံး၊ ဆား()ပိဿာ၊ ကြက်ဉ(၁၀)လုံးစီကို ကျွန်းစုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် တာဝန်ရှိသူများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ကူးတို့လှေသမ္ဗန် မောင်းသမားတွေအတွက် ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဝင်ငွေက တစ်ဝက်လောက် လျော့ကျသွားတယ်ဆိုတော့ စားဝတ်နေရေး အခက်အခဲဖြစ်ကြပါတယ်။ အခက်အခဲဖြစ်တဲ့အချိန်မှာ တစ်ဖက်တစ်လှမ်းက အကူအညီပေးတဲ့အတွက် ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်ဟု ကူးတို့လှေ မောင်းနေသူ ကိုဝင်းလွင် က ပြောသည်။

 

အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာ၌ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉက္ကာမင်း က ထောက်ပံ့ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ်  ပြန်/ဆက် )