နယုန်လသည် ဂိမှာနခေါ်နွေဥတုလေးလ၏နောက်ဆုံးလဖြစ်ပြီး မိုးကြိုး ကာလလည်း ဖြစ်သည့်အလျောက် မိုးရွာသည့်အခါများလည်း ရှိသည်။ သို့ရာတွင် နယုန်မိုးသေး၊ မြက်သားမွေးဆိုသည့် စကားအတိုင်း နယုန်လ မှာ ရွာသည့်မိုးက မြက်ပင်ကလေးများ ပေါက်ရုံ၊ စိမ်းစိမ်းစိုစို မြက်သား မွေးရုံမျှရွာသည့် မိုးသေး၊ မိုးဖွဲမျှသာ ပူပြင်းခြောက်သွေ့သည့်နေ့ရက်များ ကို ဖြတ်သန်းခဲ့ရပြီး ညှိုးရော်နေသည့် လောကဓာတ်တစ်ခုလုံးက မိုးကို မျှော်လင့်ကြသည့်အားလျော်စွာ နွေအပူကို အဆုံးသတ်စေသည့် နယုန်မိုးသေးသည်ပင် လောက၏အလိုဆန္ဒကို ပြည့်ဝစေသည့်မိုး ဖြစ်သည်။

မိုးကို ရွာစေလိုသည့် အလိုဆန္ဒမှာ အပူလျော့ပါးသက်သာစေရေး အတွက်သာမက စိုက်ရေးပျိုးရေးအတွက်လည်းဖြစ်သည်။ စိုက်ရေးပျိုးရေး သာပါမှ စားရေရိက္ခာပြည့်ဝမည်။ စားရေရိက္ခာပြည့်ဝပါမှ နိုင်ငံ အေးချမ်း သာယာမည်။ ဗုဒ္ဓဘုရားရှင် သက္ကတိုင်း ကပိလဝတ်ပြည်အနီး မဟာဝုန်

တော၌ သီတင်းသုံးတော်မူစဉ် နယုန်လအခါ မိုးမရွာ၍ ကောက်ပင်တို့ ရေငတ်ကာ ညှိုးရော်ခြောက်သွေ့ကြကုန်သည်။ ထိုအခါ စိုက်ပျိုးရေ အတွက် လိုအပ်သော ရောဟိနီမြစ်မှ ရေကို ရယူသုံးစွဲမှုကိုအကြောင်းပြု ၍ မြစ်တစ်ဖက်တစ်ချက်မှ ကပိလဝတ်ပြည်သားများနှင့် ကောလိယ ပြည်သားများတို့ အချင်းများကာ နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းမည့် အခြေအနေသို့ ဆိုက်ရောက်လာသည်။ မြစ်ရေကို အကြောင်းပြု၍ စစ်မက်ဖြစ်ပွားကာ သေကျေပျက်စီးကြရမည့်အဖြစ်သို့ မကျရောက် စေရန်အတွက် နှစ်ပြည်ထောင်စစ်ပြင်ထားသည့်အလယ်သို့ ကြွရောက် တော်မူလာသော ဘုရားရှင်ကို ဖူးမြင်ကြရသည့်အခါ နှစ်ဖက်စလုံး လက်နက်တို့ကို စွန့်လွှတ်၍ မြတ်ဘုရားကိုသာ ကြည်ညိုမြတ်နိုးစွာ ဖူးမြော်ကြကုန်သည်။ မြတ်စွာဘုရားကလည်း ထိုမင်းတို့အား ရန်ကို ငြိမ်းစေသော၊ ညီညွတ်ခြင်း၏ အကျိုးတရားကိုပြသော ဇာတကတို့ဖြင့် ဟောကြားကာ ရန်စစ်မီးကို အပြီးသတ်၍ ငြိမ်းချမ်းစေခဲ့သည်။

ကပိလဝတ်နှင့် ကောလိယနှစ်ပြည်ထောင်မှ မင်းတို့သည်လည်း မြတ်စွာဘုရား၏ ကျေးဇူးတော်ကြောင့် စစ်ဖြစ်မည့်အရေးနှင့် သေမည့် ဘေးတို့မှလွတ်ကင်းကြရသည်ဟုဆိုကာ တစ်ဖက်လျှင် ၂၅၀ စီသော မင်းသားတို့ကို ဗုဒ္ဓဘုရားရှင်ထံ အပ်နှံကြရာ ထိုမင်းသား ၅၀၀ တို့ကို ရဟန်းပြုလျက် မဟာဝုန်တောသို့ ပြန်ကြွတော်မူသည်။ မင်းသား ဘဝမှလာသော ရဟန်း ၅ဝဝ တို့မှာ ရဟန်းအဖြစ်၌ မမွေ့လျော်နိုင်ကြ သောအခါ ဟိမဝန္တာ၊ ကုဏာလအိုင်သို့ ခေါ်ဆောင်၍ ကုဏာလဇာတ်ကို ဟောတော်မူသောအခါ အားလုံး သောတာပန် ဖြစ်ကြသည်။ ထို့နောက် မဟာဝုန်တောသို့ ပြန်ကြွတော်မူပြီး ကမ္မဋ္ဌာန်းတရားကို ပွားများစေသော အခါ အားလုံးရဟန္တာချည်း ဖြစ်ကြကုန်သည်။

ကိလေသာမှ စင်ကြယ်ကုန်ပြီးသော ရဟန္တာ ၅၀၀ ခြံရံလျက် မဟာဝုန်တော၌ တင့်တယ်စွာစံပယ်တော်မူသော မြတ်စွာဘုရားရှင် ကို ဖူးမြော်ကြည်ညိုရန်အတွက် စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာ အပေါင်းတို့ မဟာဝုန်တောသို့ နယုန်လပြည့်နေ့တွင် စုရုံးရောက်ရှိလာ ကြရာ မြတ်စွာဘုရားက နတ်ဗြဟ္မာများအား အမျိုးအနွယ်အလိုက် ရည်ညွှန်း၍ အမြိုက်တရားကို ဟောကြားတော်မူခဲ့ခြင်းကြောင့် ဤနေ့ သည် သာသနာ့သမိုင်းတွင် ထူးခြားသည့် မဟာသမယနေ့ဖြစ်ခဲ့လေ သည်။ ဘုရားရှင်၏ ဒေသနာတော်များကို ကြားရသောအခါ တရားနာ ပရိသတ်တို့တွင် အဝင်အပါဖြစ်သည့် အသုရာနှင့် သိကြား၊ နဂါးနှင့် ဂဠုန်ကဲ့သို့သော ရန်ဘက်ချင်းတို့သည် ရန်အဖြစ်ကို မေ့ပျောက်ကာ ချစ်ခင်ရင်းနှီးမှုတို့ကို ရရှိခဲ့ကြသည်။

မဟာသမယဟူသည် ရဟန္တာ ၅၀၀ နှင့် ဗုဒ္ဓဘုရားရှင်ကို ဖူးမြော် ကြည်ညိုရန်အကြောင်းပြု၍နတ်တို့ စုရုံးဆုံတွေ့စည်းဝေးခဲ့ကြသည့် | တရားသဘင်ကြီး ဖြစ်ပြီး ငြိမ်းချမ်းခြင်း၊ ရန်မာန်တို့ပြေငြိမ်းခြင်း၊ ရင်းနှီး ချစ်ခင်ခြင်းတို့ ထုံမွှမ်းလျက် ထူးမြတ်သော အခါသမယလည်း ဖြစ်ပါ ကြောင်း။ ။

mna