(၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၅) ရက်

ကျောင်းသား/ သူများ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ဖြစ်ပွားမှု ကာကွယ်ဖို့ ကျောင်းသို့မလာမီ မိဘအုပ်ထိန်းသူများ ဘာတွေဆောင်ရွက်ရမလဲ?

 

မိမိတို့ ရင်သွေးငယ် (ကျောင်းသား/သူများ)ကို အောက်ပါအချက်များကို ရင်းနှီးကျွမ်းဝင်အောင် အိမ်တွင် စနစ်တကျ ကြိုတင်သင်ကြားပေးပါ။

 

၁။ လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာ စနစ်တကျ ဆေးကြောနည်း၊

လက်ဆေးနည်းကဗျာ - “ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြားလက်မ မကျန်ရ၊

ကုတ်၍ ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ။

 

၁။ လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာ စနစ်တကျ ဆေးကြောနည်း၊

လက်ဆေးနည်းကဗျာ - “ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြားလက်မ မကျန်ရ၊

ကုတ်၍ ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ။

 

၃။ နှာချေ၊ ချောင်းဆိုးရာတွင် လိုက်နာရမည့်အချက်များ

နှာချေ၊ ချောင်းဆိုးတိုင်း တစ်ရှူး (သို့မဟုတ်) တံတောင်ကွေးဖြင့် ပါးစပ်နှင့် နှာခေါင်းကို လုံခြုံအောင်ဖုံးအုပ်ခြင်း၊

တစ်ရှူး အသုံးပြုပါက အဖုံးပါသော အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်တတ်ခြင်း၊ ပြီးလျှင် စနစ်တကျ လက်ပြန်ဆေးခြင်း၊

 

ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း စသည့် လက္ခဏာများရှိသော ကလေးများကို ကျောင်းသို့ လုံးဝ မလွှတ်ပါနှင့်။ ခွင့်တိုင်ကြားပြီး နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်ပါ။

 

#Ministry_of_Health_and_Sports, #MoHS, #Todays_Message, #ဒီနေ့အတွက်သိကောင်းစရာ

Credit#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန