မိုးကောင်း ၅ ဇွန်
မိုးညှင်း–မြစ်ကြီးနား ခရီးတို(RBE)ရထားခရီးစဉ်ကို ယနေ့မှစ၍ ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း မိုးကောင်း ဘူတာရုံပိုင်ကြီး ဦးမျိုးသိန်းထွန်းထံမှ သိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းတွင် အမှတ်(၄၁/၄၂) အစုန်/အဆန် ဒုတိယ အမြန်ရထားတစ်စီးသာလျှင် ပြေးဆွဲပေးလျက်ရှိရာ ပြည်နယ်အတွင်း ရထားစီးခရီးသည်များ သွားလာရေး အဆင်ပြေစေရန် မိုးညှင်း–မြစ်ကြီးနား ခရီးတို(RBE)ရထားကို ပြေးဆွဲပေးခြင်းကြောင်း သိရသည်။
အဆိုပါ ရထားခရီးစဉ်သည် မိုးညှင်းမှ နံနက် ၅ နာရီထွက်ခွာလာသည့် အမှတ်(၁)အဆန် RBE ခရီးတိုရထားသည် မိုးကောင်းဘူတာသို့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ဆိုက်ရောက်၍ ၇ နာရီ ၅၀ မိနစ်တွင် မြစ်ကြီးနားဘက်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။
အလားတူ မြစ်ကြီးနားမှ ညနေ ၃ နာရီထွက်ခွာလာသည့် အမှတ်(၂)အစုန် RBE ခရီးတိုရထားသည် မိုးကောင်း ဘူတာသို့ ညနေ ၄ နာရီ ၅၅ မိနစ်ခန့်တွင် ဆိုက်ရောက်၍ ညနေ ၅ နာရီတွင် မိုးညှင်းဘက်သို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း မိုးကောင်းဘူတာရုံပိုင်ကြီး ဦးမျိုးသိန်းထွန်းထံမှ သိရသည်။
ဝင်းနိုင်(ကချင်မြေ)


