မိုင်းပျဉ်း   ၅   ဇွန်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ်တွင် မိုးဦးကာလများ၌ ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းလျှော၊ ဝမ်းပျက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စွမ်တောင်းကျေးရွာတွင် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ‌ဒေါ်နန်းမြအေးနှင့်အဖွဲ့က ဇွန် ၄ ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ခြင်များထပ်မံမပေါက်ဖွားနိုင်စေရန် အိုးခွက်များကို ဖုံးအုပ်စေခြင်း၊ ရေပုပ်ရေဆိုးများကို လှဲလှယ်စေခြင်း၊ မိုးရေများထားရှိသော အိုးခွက်များကိုသွန်စေခြင်း၊ ရေစည်ရေကန်များကို အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ ခပ်၊ စစ် စနစ်ဖြင့် စနစ်တကျသုံးစွဲစေခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စနစ်တကျလက်ဆေးနည်း၊ အိမ်အပြင်သို့ထွက်တိုင်း ပါးစပ်နှာခေါင်းစည်း(Mask) တပ်ဆင်ရေးနှင့် နှာခေါင်းစည်းတပ်ဆင်နည်းများကို လက်တွေ့ပြသ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မေမွန်ထွဋ်(ပြန်/ဆက်)