၅ ဇွန်
ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြု ကူးစက်သူ အရေအတွက် ၆ ဒသမ ၅ သန်းကျော် ရှိလာသည်ဟု အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ သုတေသန အချက်အလက်အရ သိရသည်။
ယမန်နေ့ကအထိ ရောဂါ ကူးစက်သူပေါင်း ၆၅၇၀၃၆၂ ရှိသည်ဟု ထိုတက္ကသိုလ်က ဆိုသည်။
ကမ္ဘာတစ်ဝှမ်း ကိုဗစ်-၁၉ ကူးစက်ခံရမှု စာရင်းတွင် အမေရိကန်ပြည်ထောင်စုသည် ထိပ်ဆုံးမှာရှိပြီး ၁၈၅၉၁၃၅ ဦး ကူးစက်ခံရသည်။
ဘရာဇီးနိုင်ငံတွင် ၅၈၄၀၁၆ ဦး၊ ရုရှားနိုင်ငံတွင် ၄၄၀၅၃၈ ဦး၊ ဗြိတိန်နိုင်ငံတွင် ၂၈၃၀၇၅ ဦး၊ စပိန်နိုင်ငံတွင် ၂၄၀၆၆၀ ဦး နှင့် အီတလီနိုင်ငံတွင် ၂၃၄၀၁၃ ဦး တို့ ကူးစက်မှုခံရသည်။
ကမ္ဘာတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၃၈၇၅၆၈ ဦး ရှိသည်။
အမေရိကန်ပြည်ထောင်စုတွင် ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၇၄၅၀ ရှိပြီး ကမ္ဘာတစ်ဝှမ်းတွင် သေဆုံးမှု အများဆုံးဖြစ်သည်။
ဘရာဇီးနိုင်ငံတွင် ၃၉၉၈၇ ဦး၊ အီတလီနိုင်ငံတွင် ၃၃၆၈၉ ဦး၊ ဘရာဇီးနိုင်ငံတွင် ၃၂၅၄၈ ဦး၊ ပြင်သစ်နိုင်ငံတွင် ၂၉၀၂၄ ဦးနှင့် စပိန်နိုင်ငံတွင် ၂၇၁၃၃ ဦး တို့ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို