၅ ဇွန်
တရုတ်နိုင်ငံ ဖူဂျီယံပြည်နယ်ရှိ ဈေးဝယ်စင်တာ တစ်ခုတွင် ဓါးဖြင့် လူတွေ လိုက်လံတိုက်ခိုက်ရာမှ လူ ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီနေ့(သောကြာနေ့) မှာ ထုတ်ပြန်ကြေညာပါတယ်။
ပြစ်မှုကျူးလွန်သူလို့ သံသယရှိ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို အခင်းဖြစ်ပွားပြီးနောက် နာရီပိုင်း အတွင်းမှာ ဖမ်းဆီးရရှိခဲ့ပါတယ်။ ကြာသပတေးနေ့က ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ဓါးထိုးမှုမှ ဒဏ်ရာရရှိသူတွေဟာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ကြာသပတေးနေ့ မနက်ပိုင်းကလည်း တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဇီးရှိ မူလတန်းကျောင်းတွင် ဓါးဖြင့် တိုက်ခိုက်မှု ဖြစ်ပွားရာ ကျောင်းသူ ကျောင်းသား ၃၇ နဲ့ ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ လက်နက်ထိန်းချုပ်ရေးကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်တဲ့အတွက် ဓါးဖြင့် တိုက်ခိုက်မှုဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ရာဇဝတ်မှု မဟုတ်ပေမယ့် အခုနှစ်ပိုင်းမှာ ကျောင်းတွေမှာ ဓါးဖြင့် တိုက်ခိုက်မှုတွေကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP
