ကြံခင်း ၅ ဇွန်
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် လိုင်စင်ထုတ်ပေးထားသော စားသောက်ဆိုင် များနှင့် အလှပြင်ဆိုင်များအား ယမန်နေ့က ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း၊ လိုက်နာမှုမရှိက ပထမအကြိမ် ဆိုင်သုံးရက် ယာယီပိတ်သိမ်းရန် ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းဖြစ်ပြီး စားသောက်ဆိုင်ရှင်နှင့် ဝန်ထမ်းများ လိုက်နာရမည့်အချက် (၁၄)ချက်နှင့် စားသုံးသူများလိုက်နာရမည့် အချက် (၇)ချက်အား လိုက်နာ ဆောင်ရွက်ထား ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းကို ကြံခင်းမြို့နယ် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဉီးစီးအရာရှိ ဒေါ်တင်မိုးသူနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)


