၅ ဇွန်

 

ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တိုက်ဖျက်ရေးတွင် ရှေ့တန်းက ပါရှိနေတဲ့ ကုတ်အဖြူရောင်ဝတ် သူရဲကောင်း ကျန်းမာရေးဝန်းထမ်း ၆၁ ဦး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး သေဆုံးကြောင်း သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုးကာလ အတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တခြားဝန်ထမ်းတွေဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၁၄၆ ဦး၊ သတင်းသမား ၂၀ နဲ့အတူ မီးသတ်သမား ၈ ဦးတို့လည်း ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် စိုးရိမ်ရတဲ့ လူနာတွေအတွက် အောက်ဆီဂျင် ပေးရေးမှာ အခက်ခဲရှိနေချိန် သေဆုံးသူ ၅၀ဝ၀ ကျော်အထိ ရှိသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

 

ပီရူးနိုင်ငံမှာ ဗိုင်းရပ်ပိုး ကူးစက်ခံရသူပေါင်း ၁၈၃,ဝ၀ဝ ဦးကျော်ရှိပြီး ၂၄ နာရီ အတွင်းမှာ သေဆုံးသူ ၁၃၇ ဦး ရှိတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၅,ဝ၃၁ ဦးရှိကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

 

လက်တင်အမေရိကနိုင်ငံတွေထဲမှာ ဘရာဇီးနဲ့ မက္ကဆီကိုနိုင်ငံတွေ ပြီးရင် ပီရူးနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ တတိယ အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

 

ပီရူးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေးအတွက် အသွားအလာ ကန့်သတ်ခဲ့ရာ ရက်ပေါင်း ၈၁ ရက် ရှိသွားပြီဖြစ်ပြီး ညမထွက်ရ အမိန့်နဲ့အတူ နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေပါ ပိတ်ထားကြောင်း သိရပါတယ်။

 

MDN

ကိုးကား -AFP