နေပြည်တော် ၅ ဇွန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု စီမံချက်အတွက် ဂျပန်နိုင်ငံအစိုးရ၏အကူအညီ ယန်းသန်း (၂၀၀၀)ပေးရေး ဆိုင်ရာ စာချွန်လွှာကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကိုယ်စားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် ဂျပန်နိုင်ငံ အစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. MAYUYAMA Ichiro တို့သည် ဇွန် ၅ ရက်တွင် အပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ စာချွန်လွှာဖြင့် အကူအညီပေးမည့် စီမံချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများ၊ အနီးကပ်ကြပ်မတ်ကုသဆောင် (ICU) အခန်းများ၊ ဓာတ်ခွဲခန်းများနှင့် ဆေးရုံများအတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို ပံ့ပိုးဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


