ဂန့်ဂေါ ၅ ဇွန် 

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်သည့်ကာလတွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အနောက်ဂန့်ဂေါကျေးရွာ သုတရိပ်မြုံစာကြည့်တိုက် ပိတ်ထားခဲ့ရာ ယနေ့နံနက်ပိုင်းမှစ၍ စာကြည့်တိုက် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

စာကြည့်တိုက်ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ “ စာကြည့်တိုက် ထူထောင်ထားတာက ၁၉၉၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က စတင်ထူထောင်ထားတာဖြစ်ပြီး စာကြည့်တိုက်က အောင်မြင်ပါတယ်၊ စာကြည့်တိုက်မှာ ကာတွန်း၊ သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ် အစရှိသည့်စာအုပ်များအပြင် အဘိဓာန်၊ စွယ်စုံကျမ်းများလည်း ရှိပါတယ်၊ နွေရာသီကျောင်းပိတ်ရက်တွေမှာဆိုရင် တစ်ရက်ကို စာငှား၊ စာဖတ် ၇၀ ခန့် ရှိပါတယ်၊ စာကြည့်တိုက်မှာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံးပေါင်း ၅၀ ကျော်ရှိပါတယ်၊ ဘဏ္ဍာ ရေးမှူး ဒေါ်ခင်စန်းဌေးက Mask (၃၅)ခု လှူဒါန်းထားပါတယ် ”ဟု စာကြည့်တိုက်မှူး ဒေါ်မေသံလွင်က ပြောသည်။

 

ထို့နောက် စာကြည့်တိုက်တွင် ပိုးသတ်ဆေးများ ပတ်ဖျန်းထားပြီးဖြစ်ကြောင်းနှင့်  တစ်ဦးနှင့်တစ်ဦး ၃ ပေခြား၍စာဖတ်နိုင်ရန် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)