ရန်ကုန် ၅ ဇွန်

 

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး၏ (Embassy of Denmark in Myanmar)မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၌ အသုံးပြုရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ၁နာရီက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအစည်းအဝေးခန်းမ (၄) ၌ ကျင်းပသည်။

 

ရှေးဦးစွာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက လှူဒါန်းမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ (Embassy of Demerk)မှ  Deputy Head Mission Ms.HanneCarus က Medical Grade Mask အခုရေ တစ်သိန်းနှင့်Isolation Gown နှစ်ထောင်လှူဒါန်းခဲ့ကာ အတွင်းရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

အာကာစိုး