မင်းတပ်    ၅  ဇွန်    

 

ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယနေ့ နံနက် ၈ နာရီတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီး ဌာနတို့ ပူးပေါင်း၍ မင်းတပ်မြို့ရှိ ဉယျာဉ်ခြံ စိုက်ပျိုးရေး တောင်သူများကို ပျိုးပင်များ အခမဲ့ပေးဝေကြောင်း သိရသည်။

 

ဉယျာဉ်ခြံ စိုက်ပျိုးရေးတောင်သူများအနေဖြင့် ဉယျာဉ်ခြံအတွင်း၌ ပျိုးပင်များစိုက်ပျိုးရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့်  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြစ် မျောက်ငိုပင်၊ ချယ်ရီပင်နှင့် ထင်းရှုးပျိုးပင်များ စုစုပေါင်း ၁၀၀၀ ကျော်ကို အခမဲ့ပေးဝေခြင်းဖြစ်ပြီး ပျိုးပင်များကို သစ်တောဦးစီးဌာန၏ ပျိုးခင်းသို့ အခမဲ့လာရောက် ရယူနိုင်ကြောင်းကြောင်း သိရသည်။

 

ထို့အပြင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြစ် အင်္ကျီများကိုလည်း ပေးဝေသွားရန်ရှိကြောင်း၊ မင်းတပ်မြို့ရှိ ပြည်သူများ သစ်တော၊ သစ်ပင်များကို ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ လက်ကိုင်စပီကာနှင့်လည်း မြို့တွင်း၌ လှည့်လည်ဆော်သြ အသိပညာပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

 

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)