မြဝတီ ၅  ဇွန် 

 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံမှ မေလ ၁ ရက်နေ့မှစပြီး လက်ခံခဲ့ရာ ဇွန်လ ၅ ရက်နေ့တွင် မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူပေါင်း ၁၁၉၀ ရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများသည်  ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ဖြစ်ကာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ခွင့်ပြုချက်ရယူပြီး ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်သူများဖြစ်ကြောင်း သိရသည်။

 

ပြန်လည် ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင် ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက ကြီးကြပ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ 

 

ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေလ ၁ ရက်နေ့က ၆၀ ၊ ၂ ရက်နေ့က ၅၄ ဦး၊ ၃ ရက်နေ့က ၁ ဦး၊ ၄ ရက်နေ့က ၄၄ ဦး၊ ၅ ရက်နေ့က ၂၃ ဦး၊ ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် ဝင်ရောက်ခြင်း မရှိပဲ ၈ ရက်နေ့က ၁၀၀ ၊ ၉ ရက်နေ့တွင် ဝင်ရောက်ခြင်း မရှိပဲ ၁၀ ရက်နေ့တွင် ၄၄ ဦး၊ မေလ ၁၁ ရက်နေ့တွင် ၁၃ ဦး၊  မေလ ၁၂ ရက်နေ့တွင် ၄၁ ဦး၊ မေလ ၁၃ ရက်နေ့တွင် ၁၆ ဦး၊ မေလ ၁၄ ရက်နေ့တွင် ၃၈ ဦး၊  မေလ ၁၅ ရက်နေ့တွင် ၁၂၀၊ မေလ ၁၆ ရက်နေ့တွင် ၇၆ ဦး၊  မေလ ၁၇ ရက်နေ့တွင် ၉၀၊ ၁၈ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိပဲ ၁၉ ရက်နေ့တွင် ၆၄ ဦး၊ ၂၀ ရက်န့နှင့် ၂၁ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိပဲ ၂၂ ရက်နေ့တွင် ၃၆ ဦး၊ မေလ ၂၃ ရက်နေ့တွင် ၆၀၄ ဦး၊ မေလ ၂၄ ရက်နေ့တွင် ၁၁၁၈ဦး၊ မေလ ၂၅ ရက်နေ့တွင် ၁၂၇၇ ဦး၊ မေလ ၂၆ ရက်နေ့တွင် ၁၃၉၄ ဦး၊ မေလ ၂၇ ရက်နေ့တွင် ၁၄၃၄ ဦး၊ မေလ ၂၈ ရက်နေ့တွင် ၁၁၆၈ဦး၊ မေလ ၂၉ ရက်နေ့တွင် ၁၂၀၂ ဦး၊ မေလ ၃၀ ရက်နေ့တွင် ၁၁၅၂ ဦး၊ မေလ ၃၁ ရက်နေ့တွင် ၁၅၁၁ဦး၊ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ၁၀၄၃ ဦး၊ ဇွန်လ ၂ ရက်နေ့တွင် ၁၅၁၇ ဦး၊ ဇွန်လ ၃ ရက်နေ့တွင် ၁၅၄၇ ဦး၊ ဇွန်လ ၄ ရက်နေ့တွင် ၁၂၀၄ဦး၊ ယနေ့ ဇွန်လ ၅ ရက်နေ့တွင် ၁၁၉၀ ပြန်လည် ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၁၈၁၈၁ ဦးထိ ပြန်လည် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

 

အဆိုပါ နေ့အလိုက် ပြန်လည်ဝင်ရောက်သူများအနက် မေလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြန်လည် ဝင်ရောက်သူများနှင့် မေလ ၁၇ ရက်နေ့ဝင်ရောက်သူ ၉၀ အနက် ၄၅ ဦး၊ မေလ ၂၇ ရက်နေ့ဝင် ရောက်သူ ၁၄၃၄ ဦး အနက် ၅၂ ဦး၊ ယနေ့ ဇွန်လ ၄ ရက်နေ့တွင် ဝင်ရောက်သူ ၁၂၀၄ ဦးအနက် ၁၂၃ ဦးတို့ အနေဖြင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ် ကျခံရပြီးသောသူများနှင့် အချုပ်မှ ပြန်လည်လွတ်မြောက် လာသူများဖြစ်သဖြင့် ထိုင်းနိုင်ငံတာဝန်ရှိ သူများက လာရောက် လွှဲပြောင်းပို့ ဆောင်ပေးခြင်း ဖြစ်သည်။ 

 

ယနေ့ ပြန်လည်ဝင်ရောက်သူများအနေဖြင့် တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးမှ အမျိုးသား ၆၈၄ ဦး၊ အမျိုးသမီး ၅၀၆ ဦး၊စုစုပေါင်း ၁၁၉၀ ဦးဖြစ်ကြောင်း သိရသည်။ 

 

ထိန်လင်းအောင်(ပြန်/ဆက်)