နမ္မတူ ၆ ဇွန်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ် ကျေးရွာများရှိ အခြေခံအိမ်ထောင်စု ၄၈၀ အတွက် အခြေခံ စားသောက်ကုန်နှင့် နှာခေါင်းစည်းများကို ယမန်နေ့က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးရေးအသင်း (GLAD)အဖွဲ့မှ နမ္မတူမြို့နယ် ပန်လုံကျေးရွာရှိ အိမ်ထောင်စု (၁၃၅) စု၊ ပန်သပြေ (တ)ကျေးရွာရှိ အိမ်ထောင်စု (၅၉)စု၊ ပန်သပြေ(မ)ကျေးရွာရှိ အိမ်ထောင်စု (၄၁)စု၊ နမ့်တောင်ကုန်းကျေးရွာရှိ အိမ်ထောင်စု (၃၆)စု၊ နားကျဲကျေးရွာရှိ အိမ်ထောင်စု (၂၄)စု၊ မိုင်းမုကျေးရွာရှိ အိမ်ထောင်စု (၉၂)စု၊ ကောင်းဟုန်းကျေးရွာရှိ အိမ်ထောင်စု (၂၉)စု၊ ဆန်ခါကျေးရွာရှိ အိမ်ထောင်စု (၄၄)စု၊ နားခိုလျံကျေးရွာရှိ အိမ်ထောင်စု (၂၀)စုတို့အတွက် တစ်အိမ်ထောင်လျှင် ဆန် (၁၆)ပြည်အိတ် ၁ အိတ်၊ ဟင်းသီးဟင်းရွက်ဆီ ၆၅ ကျပ်သား ၂ ဘူး၊ ဆား ၅၀ ကျပ်သား၊ ကြက်သွန်နီ ၂ ပိဿာ၊ ကုလားပဲ ၂ ပိဿာနှင့် နှာခေါင်းစည်း ၂ ခု၊ စုစုပေါင်း အိမ်ထောင်စု ၄၈၀ အတွက် ဆန် ၇၆၈၀ ပြည်၊ ဆီ ၆၅ ကျပ်သားဘူး ၉၆၀ ၊ ဆား ပိဿာ၂၄၀ ၊ ကြက်သွန်နီ ၉၆၀ ပိဿာ၊ ကုလားပဲ ၉၆၀ ပိဿာနှင့် နှာခေါင်းစည်း ၁၀၀၀ ခုအား ကျေးရွာများရှိ အခြေခံအိမ်ထောင်စုများ လက်ဝယ်အရောက် ဖြန့်ဝေလှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဖြစ်စေရေးအတွက် နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးအဖွဲ့မှ ပါဝင်ကူညီ ဆောင်ရွက်ကာ အဝတ်နှာခေါင်းစည်း ၃၅၀ ၊ အသိပညာပေးလက်ကမ်းစာစောင် ၃၀၀ နှင့် လက်ဆေး ဆပ်ပြာခဲ ၃၀၀ ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


