မယ်စဲ့ ၆ ဇွန်
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီက စစ်ဆေးခဲ့သည်။
ထို့သို့စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်နှင့် ပူးပေါင်းအဖွဲ့မှ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် ဈေးရောင်းဈေးဝယ်များနှင့် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချရာတွင် ဆိုင်ရှင်နှင့် ဝန်ထမ်းများ၊ စားသုံးသူများလိုက်နာရမည့် စည်းကမ်းချက်များ၊ ဆိုင်သန့်ရှင်းရေး ဂရုပြုလိုက်နာရမည့် အချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်မှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


