မြင်းမူ ၇ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဆပ္ပျာကျင်းကျေးရွာတွင် တည်ဆောက်လျက်ရှိသော ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာတည်ဆောက်မှုလုပ်ငန်းမှာ ယခုအခါ (၃၅)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

           

“တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ တည်ဆောက်ရေးအတွက် ကျွန်တော်တို့မြို့နယ် အဆောက်အဦများ သတ်မှတ်အရည်အသွေး စစ်ဆေးရေးအဖွဲ့အနေနဲ့ အပတ်စဉ် ကွင်းဆင်း စစ်ဆေးကြပ်မတ်ပေးလျက်ရှိသည်”ဟု မြို့နယ်စစ်ဆေးရေးအဖွဲ့မှတာဝန်ရှိသူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အင်ဂျင်နီယာ ဦးအောင်ဦးက ပြောပြခဲ့သည်။

 

ယခုတည်ဆောက်လျက်ရှိသော ကျေးလက်ကျန်းမာရေးဆေးခန်းနှင့် ဝန်ထမ်းအိမ်ယာအဆောက်အဦကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုငွေကျပ်(၆၉)သန်းဖြင့် ဆောင်းရွှေလဝန်းကုမ္ပဏီမှ တည်ဆောက်လျက်ရှိပြီး ယခုအခါ တည်ဆောက်ရေးလုပ်ငန်း၏ ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နေယာ ဦးကြည်ထွန်းထံမှ သိရသည်။

 

အောင်စိုးဖေ (မြင်းမူ)