ရေနံချောင်း ၇ ဇွန်

           

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် သစ်တောဦးစီးဌာနသည် သဘာဝသစ်ပင်ပေါက်ရောက်မှု နည်းပါးသည့် နေရာများတွင် သစ်စေ့မြေလုံးများကို စူးထိုးမြေချစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးလျက်ရှိရာ သစ်ပင်ပေါက်ရောက်မှုနည်းပါးသည့် ဝက်မစွတ်ကြိုးပြင်ကာကွယ်တောတွင် သစ်စေ့မြေလုံး ၁၈၉၀၀ ကို စိုက်ပျိုးထားကြောင်း သိရသည်။

 

12

           

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်၊ ဦးသိန်းလှ၊ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစိုးတင့်နှင့် တာဝန်ရှိသူများ၊ ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အဆိုပါသစ်စေ့မြေလုံး စူးထိုးမြေချစိုက်ပျိုးနည်းဖြင့် တမာပင်၊ ဘော့စကိုင်းပင်၊ ရှားပင် စသည့် သစ်စေ့ မြေလုံး ၁၈၉၀၀ ကို ဝက်မစွတ်ကြိုပြင်ကာကွယ်တောအတွင်း ဇွန် ၁ ရက်နေ့က စိုက်ပျိုးခဲ့ကြောင်း သိရသည်။

           

“ဒီသစ်စေ့မြေလုံးစူးထိုးစိုက်ပျိုးနည်းနဲ့ သစ်ပင်ပေါက်ရောက်မှုနည်းပါးတဲ့ နေရာတွေမှာ အပူချိန်လျှော့ချ တဲ့အနေနဲ့ အဓိကစိုက်ပျိုးတာပါ။ ကြိုတင်စိုက်ပျိုးတဲ့အနေနဲ့ပေါ့။ မိုးရွာတဲ့ခါ အဆင်သင့်ပေါက်နိုင်အောင်လို့ပါ။ မြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၂/၆ အနီးမှာလည်း သစ်စေ့မြေလုံး ၂၀၀ စိုက်ပျိုးသွားဖို့ရှိပါတယ်”ဟု မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးလှမြင့်က ပြောသည်။

 

ကိုစိုးကြီး