ငါ့သရောက် ၇ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများထံ ဟင်းသီးဟင်းရွက်ပျိုးပင်များ အိမ်အရောက် အခမဲ့ထောက်ပံ့ခြင်းကို ဇွန် ၇ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝဌာနနှင့် ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးများတွင် ပျိုးထောင်ထားသည့် ဟင်းသီးဟင်းရွက်အမျိုးအစား (၁၂)မျိုးပါ ပျိုးပင်အိတ်များအား ငါ့သရောက်မြို့၊ ထန်းငယ်တောကျေးရွာမှ အိမ်ထောင်စု(၁၅၂)ဦးထံ အရောက်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံပျိုးပင်များဖြစ်သည့် ဘူးပင် ၁၅၀၊ ဒန့်သလွန် ၅၀၊ ကျောက်ဖရုံ ၂၅၊ ကြက်ဟင်းခါး ၅၀၊ ဂွေးတောက် ၅၀၊ တိုင်ထောင်ပဲ ၆၅၊ သခွါး ၈၀၊ မာလကာ ၇၅၊ သင်္ဘော ၁၀၅၊ ကင်ပွန်းချဉ် ၇၀၊ ပေါက်ပန်းဖြူ ၂၀ နှင့် ငုရွှေဝါ ၁၀ ပင် စုစုပေါင်း ၇၅၀ ပင်နှင့် အမျိုးအစား ၂၅ မျိုးပါ ဟင်းသီးဟင်းရွက်မျိုးစေ့များ ပံ့ပိုးပေးခဲ့ကြောင်း ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဖေလိန်း(ပုဂံ)