စုကလိ ၇ ဇွန်
အိမ်တွင်းစီးပွားတစ်ခုအနေဖြင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းတစ်ခုဖြစ်သည့် ရိုးရာဂျပ်ခုတ်ချည်ထည်များ ရက်လုပ်ခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။ ချည်ထည်လုပ်ငန်းသည် ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် ကုန်ကြမ်းအဖြစ် ဝယ်ယူရရှိသည့် ဝါဂွမ်းချည်မျှင်များ ဈေးအနည်းငယ်တက်သဖြင့် ဒေသခံချည်ထည်ရက်လုပ်သူများ အနေဖြင့် အခက်တွေ့လျက်ရှိသည်။ ရိုးရာချည်ထည်ရက်လုပ်ခြင်းဖြင့် မိမိတို့၏ပုံမှန်ဝင်ငွေ လည်ပတ်နိုင်သည်သာမက ရက်လုပ်ပြီး ချည်ထည်များအား ထိုင်းနိုင်ငံတွင်ရှိသော ကရင်လူမျိုးများထံသို့ ပြန်လည်ရောင်းချနိုင်သဖြင့် စုကလိမြို့အနေဖြင့် ဂျပ်ခုတ်ချည်ထည်လုပ်ငန်းအား တွင်ကျယ်စွာ လုပ်ကိုင်လာကြသည်။
အဆိုပါဂျပ်ခုတ်ချည်ထည်များအား ရက်လုပ်ကြရာတွင် အမျိုးသားဝတ်အင်္ကျီ၊ အမျိုးသမီးဝတ်အင်္ကျီ၊ ကရင်ရိုးရာလွယ်အိတ်၊ အမျိုးသားဝတ်လုံချည်၊ အမျိုးသမီးဝတ်ဂါဝန်ရှည်နှင့် ခါးပတ်၊ အမျိုးသားခေါင်းပေါင်း၊ အမျိုးသမီးခေါင်းပေါင်းတို့ကို ရက်လုပ်ကြပြီး မြို့တွင်းမှာသာမက တစ်ဖက်နိုင်ငံသို့ပါ တင်ပို့ရောင်းချကြကြောင်း ဒေသခံဂျပ်ခုတ်ချည်ထည်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ သိရှိရသည်။
ပိုပိုအောင် (စုကလိ ပြန်/ဆက်)


