အင်္ဂပူ ၇ ဇွန်
ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ အင်္ဂပူမြို့နယ်အတွင်းရှိ ဒေသအရန်မီးသတ်တပ်ဖွဲ့များသို့ အပေါ့စား ရေစုပ်စက် ၄ လုံးနှင့် ဆက်စပ်ပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က အမှာစကားပြောကြားပြီး အပေါ့စား ရေစုပ်စက်များကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇောင်းတန်းကျေးရွာ၊ ကြို့ပင်ကျေးရွာအုပ်စု၊ ညောင်ကျိုးဒေသနှင့် ငှက်ပျောတောကျေးရွာတို့မှ ဒေသအရန်မီးသတ်တပ်ဖွဲ့များထံ ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေးက ရေစုတ်စက်များ ကိုင်တွယ်အသုံးပြုမှုနှင့် ထိန်းသိမ်းခြင်း နည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ပေးအပ်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်နှင့် တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)


