ဆီဆိုင် ၇ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရှိ စားဝတ်နေရေး ခက်ခဲလျက်ရှိသော တောင်သူများအား ယနေ့ မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆန်နှင့် ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် တာဝန်ရှိသူများက ဆီဆိုင်မြို့နယ်အတွင်းရှိ ဟိုခဲရပ်ကွက်၊ နောင်ကျောကျေးရွာအုပ်စုနှင့် ပင်စုံကျေးရွာ အုပ်စုအတွင်းရှိ အိမ်ထောင်စု ၂၅၂ စုအား အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန် (၄)မျိုးဖြစ်သည့် ဆန် ၃ ပြည်၊ ဆား ၂၅ ကျပ်သား၊ ပဲ ၅၀ ကျပ်သား၊ ဆီ ၁၈ ကျပ်သားတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


