ရန်ကုန် ၇ ဇွန်

မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်၊ အမှုဆောင်ကော်မတီ၀င်များစု‌ပေါင်း၍ ကိုဗစ် ကာလအတွင်း လက်ရှိ တာ၀န်ထမ်း‌ဆောင်လျက်ရှိသည့် ရိုးရာခြင်းလုံး ဒိုင်လူကြီးများအား ဆန်၊ ဆီ၊ ဆား၊ စားစရာ ၁၀ မျိုး ထောက်ပံ့လှူဒါန်းခြင်းကို ဇွန် ၆ ရက်မွန်းလွဲပိုင်းက ဗဟန်းမြို့နယ် ရွှေဂုံတိုင်ဟိုတယ်၌‌ ထောက်ပံ့လှူဒါန်းခဲ့သည်။

 

အဆိုပါ လှူဒါန်းပွဲသို့ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်နာယက ဦးစိုးတင့်၊ ဥက္ကဋ္ဌ ဦးသက်လွင်၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှု‌ဆောင်များ တက်‌ရောက်ကြသည်။‌

 

လှူဒါန်းပွဲတွင် မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦး၀င်းတင့်နှင့် ဦးလှ‌ဌေးတို့က မြန်မာ့ရိုးရာ ခြင်းလုံးအားကစားပြိုင်ပွဲများ ကျင်းပရန်နှင့်ကူညီ ထောက်ပံ့ရခြင်းအကြောင်းများ ရှင်းလင်းပြောကြားပြီး ဒိုင်လူကြီး ၁၆ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ငါး‌သောင်းတန်ဘိုးရှိ ဆန်၊ ဆီ၊ ဆား၊ အပါအ၀င် စားစရာ ၁၀ မျိုးတို့ကို ထောက်ပံ့ လှူဒါန်းခဲ့‌ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး