ဒီးမော့ဆို ဇွန်           

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စိုက်ပျိုးလျက်ရှိသော အစေ့ထုတ်ပြောင်း စိုက်ခင်း များ၌ ကျရောက်ပျက်ဆီးတတ်သောဖောငမြောက်တောင်ပိုးနှင့် ပတ်သက်၍ အသိပညာပေး သရုပ်ပြခြင်းကို ယနေ့ နံနက်ပိုင်းက သေးဆူလဲကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ ဆောင်ရွက်ရာတွင် ပြည်နယ်သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်ဝါဝါရွှေ၊ ပြည်နယ် မြေအသုံးချရေး တာဝန်ခံ ဒေါ်မာမာတင့်၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဦးကျော်မြိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးပိုင်နှင့် ပညာပေးဝန်ထမ်းများကဖောငမြောက်တောင်ပိုး နှင့် ပတ်သက်၍ ကာကွယ်နှိမ်နင်းရေး နည်းစနစ်များနှင့် ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ် အသုံးပြုပုံများကို နည်းပညာပေး ဆွေးနွေးပြီး လက်တွေ့လုပ်ဆောင်နိုင်ရန် ကျေးရွာပြည်သူလူထု များအား လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

 

ထို့နောက် သေးဆူလဲကျေးရွာအတွင်းရှိ ရွာဘုံပိုင် အစေ့ထုတ်ပြောင်း စိုက်ခင်း ၁၀ ဧက၊ တောင်သူ ဦးဌေးရယ် ပိုင် အစေ့ထုတ်ပြောင်း စိုက်ခင်း ဒသမ ၅၀ ဧက နှင့် တောင်သူ ဦးလိုရယ် ပိုင် အစေ့ထုတ်ပြောင်း စိုက်ခင်း ဧက စုစုပေါင်း အစေ့ထုတ်ပြောင်း စိုက်ခင်း ၁၈ ဒသမ ၅၀ ဧက အတွက်ဖောငမြောက်တောင်ပိုး နှိမ်နင်းရန်အတွက် ပိုးသတ်ဆေးများအား အခမဲ့ ပံ့ပိုးပေးအပ်ခဲ့ သည်။

 

ဆက်လက်၍ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူရွာသစ်ကျေးရွာရှိ တောင်သူ ဦးဝင်းလ်ဘာ အစေ့ထုတ်ပြောင်း စိုက်ခင်း ဧကတွင် ဖလံများ ဝင်ရောက်လာခြင်းကို ကြိုတင်ခန့်မှန်းပြီး အချိန်မီ ကာကွယ်နှိမ်နင်းနိုင်ရန်အတွက် ဖရိုမုန်းထောင်ချောက် (Pheromonw Trap) ချိတ်ဆွဲခြင်းကို လက်တွေ့လုပ်ဆောင်ပြသပြီး ဆက်လက်လိုက်နာ လုပ်ဆောင်သွားရမည့် အချက်များကို တောင်သူ များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)