မန္တလေး  ၇  ဇွန် 

 

ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှ စိုက်ပျိုးသီးနှံများအား ဈေးကွက်ကျဆင်းမှုမရှိစေရေးအတွက် သမဝါယမနည်းလမ်းများ ဆောင်ရွက်လျက်ရှိရာ နေပြည်တော် သမဝါယမအသင်းစုချုပ်သည် မန္တလေးတိုင်း သမဝါယမအသင်းစုချုပ်နှင့် ချိတ်ဆက်၍ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ တောင်သူများ စိုက်ပျိုးထားရှိသော ကြက်သွန်နီများကိုဝယ်ယူ၍ တစ်ပိဿာလျှင် ငွေကျပ် ၅၈၀ နှုန်းဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်နှင့် ညှိနှိုင်း၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ သီးနှံစိုက်တောင်သူများထံမှ ဂေါ်ဖီထုပ် အထုပ်ရေ(၅၇၀ဝ)ကိုဝယ်ယူ၍ တစ်ထုပ်လျှင်ငွေကျပ်(၁၃၅/-) နှုန်းဖြင့်လည်းကောင်း နေပြည်တော် ကောင်စီနယ်မြေအတွင်း မြို့နယ်များရှိပြည်သူများထံသို့ ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။ 


MDN