ကာမိုင်း   ၈  ဇွန်  

 

မိုးဦးရာသီဖြစ်၍ ကိုဗစ်-၁၉ ကာလအတွင်း အသွားအလာအခက်အခဲရှိသော ကျေးရွာများသို့ ကျန်းမာရေး ဦးစီးဌာနမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းများကို ဇွန်(၆)ရက် နံနက်ပိုင်းက ဖားကန့်မြို့နယ် ကာမိုင်းမြို့ ရှောဝယ် ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း လုပ်ငန်းများဆောင်ရွက်ရာ၌ မိုးဦးကာလရောက် ရှိပြီဖြစ်၍ ကျေးရွာပြည်သူများ အနေဖြင့် ကာမိုင်းမြို့သို့ သွားလာရခက်ခဲသောကြောင့် ကျန်းမာရေးဝန်ထမ်းများက  ကျေးရွာသို့ သွားရောက်ပြီး အသက်(၂)နှစ်အောက်ကလေးငယ်များအား ဦးနှောက်တီဘီရောဂါ၊ အပြင်းထန် အဆုတ်ရောင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယိုအကြောသေ၊ ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ ဝက်သက်စသည့်ရောဂါတို့မှ ကာကွယ်နိုင်ရန်အတွက် အသက်အပိုင်း အခြားအလိုက် ဆေးများထိုးပေးခြင်း၊ တိုက်‌ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်‌ပေးခဲ့၍ လာရောက်ပြသခဲ့သည့် ကလေးစုစုပေါင်း(၁၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

  ဆက်လက်ပြီး ကိုဗစ်-၁၉တားဆီးကာကွယ်ထိန်းချုပ်‌ရေးအနေဖြင့် သွားလာရခက်ခဲသော ကျန်ရှိ‌နေသေးသည့် ကျေးရွာများတို့ ကျန်းမာရေးဌာနမှကွင်းဆင်း၍ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။

 

ကိုဇွဲ (ပြန်/ဆက်)