ဝန်းသို ၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ မြောက်ကုန်းကျေးရွာသည် ကုန်းတွင်း ပိတ်ကျေးရွာတစ်ရွာဖြစ်ပြီး ဒေါင်းမြူးချောင်းအစပြုစီး ဆင်းသည့်နေရာတွင် တည်ရှိသောကြောင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် ရွာတွင်းလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြောက်ကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး ရေးစီမံကိန်း ထောက်ပံ့ငွေ ငွေကျပ် သိန်း၁၀ဝ နှင့်အတူ ပြည်သူထည့်ဝင်ငွေများဖြင့် ရွာတွင်းလမ်းများကို ချောင်းသဲကျောက်ခင်းပြီး လမ်းဘေးတစ်ဖက်တစ်ချက်စီကို ကွန်ကရစ်ဘောင်ကွပ်၍ အရှည်ပေ ၁၂၀ဝ ခင်းခြင်းဖြင့် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းအပြင် ပေကုန်းနှင့်ရွာချင်း ဆက်လမ်းပေ ၁၀ဝ၀ နှင့် အခြေခံပညာ အလယ်တန်းကျောင်းသို့သွားသည့် လမ်းအရှည်ပေ ၁၅၀ဝ တို့ကို ချောင်းသဲ ကျောက်ခင်းခြင်း လုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ ကြားသည်။
မွှေးကြူဇင်


